Saturday, November 30, 2013

Samsung ရဲ့ နောက်ထပ်ခြေလှမ်း

ကျွန်တော်တို့ရဲ့ချံပီယံကြီး Samsung ကတော့ ခြေလှမ်းတွေ သွက်နေပါတယ်။ နောက်ဆုံး ထွက်လာတဲ့ သတင်းတစ်ခု အရ Samsung Galaxy S5 ကိုမကြာခင်မှာ ထုတ်တော့မယ်လို့ ဆိုပါတယ်။ ဇန်န၀ါရီ လလောက်မှာ စထုတ် နိုင်ချေရှိပြီး S4 ကိုထုတ်ခဲ့တဲ့ အချိန်နဲ့ ၁၀လလောက်ပဲ ခြားပါတယ်။ ဒီ S5 မှာ Android Kitkat နဲ့လာမှာ ဖြစ်ပြီး Galaxy Gear 2 နာရီကိုလည်း ဖေဖော်ဝါရီ၊ မတ်လ လောက်မှာ ထုတ်ဖို့ ကြံရွယ် နေပါတယ်။ S5 ကိုအရင်လို ပလတ်စတစ် ဒါမှမဟုတ် သတ္တု ကိုယ်ထည်နဲ့ ထုတ်နိုင်ချေ ရှိပြီးတော့ 64-bit processor, 3 GB of RAM, 16 megapixel camera တွေအပြင် ၅လက်မ flexible display ကိုအားအပြည့် ပေးနိုင်ဖို့ 4,000 mAh ဘတ်ထရီ ပါဝင် ပါမယ်တဲ့။ Samsung ကတော့ ဒီသတင်း အပေါ် ဘာမှ မတုံ့ပြန် သေးပါဘူး။

0 comments:

Post a Comment